Korea Cold Noodles (Naengmyeon)

Korea Cold Noodles (Naengmyeon)
ကိုရီးယား ခေါက်ဆွဲအေးမှာ ၂ - မျိုးရှိပါတယ် ။ အရည်နှင့်စားတဲ့ Mul Naengmyeon နဲ့ ငရုပ်ဆီနှင့်စားတဲ့ ခေါက်ဆွဲသုပ် Bibim Naengmyeon ဆိုပြီး နှစ်မျိုးရှိပါတယ်။ အခုကျွန်တော်ပြောမှာက ခေါက်ဆွဲသုပ် Bibim Naengmyeon ပါ။ Bibim Naengmyeon သုပ်စားရင်အဓိက,ကတော့ သူ့ထဲထည့်တဲ့ငရုပ်ဆီဆော့ပါပဲ......ငရုပ်ဆီဆော့ပြု လုပ်နည်းလေးကြည့်ကြရအောင်
ကြက်သွန်နီအလတ် - ၁ လုံး
ကိုရီးယား ငရုပ်သီးအနှစ် - ၂ ဇွန်း(စားပွဲတင်ဇွန်း)
ရှာလကာရည် - ၁ ဇွန်း (စားပွဲတင်ဇွန်း)
သကြား - ဇွန်းဝက် (စားပွဲတင်ဇွန်း)
နှမ်း - ၁ ဇွန်း (စားပွဲတင်ဇွန်း)
ငရုပ်ကောင်းမှုန့် - ဇွန်းလေးပုံ,တစ်ပုံ (စားပွဲတင်ဇွန်း)
ဆား - ဇွန်းဝက် (လဖက်ရည်ဇွန်း)
ုကြက်သွန်ဖြူ - ၁ (လဖက်ရည်ဇွန်း)
နှမ်းဆီ - ၄ ဇွန်း (လဖက်ရည်ဇွန်း) သူငယ်ချင်းတို့ စာကိုသေချာဖတ်ပေးပါနော်။ စားပွဲတင်ဇွန်း နှင့် လဖက်ရည်ဇွန်း အချိုး မမှားပါစေနဲ့ ။ အားလုံးကိုရောပြီး အသုတ်သုပ်စားရန်အတွက် ငရုပ်ဆီ ပြုလုပ်ထားပါ
ပုံတွင်ပြထားသော ကိုရီးယားခေါက်ဆွဲကို ၅ မိန်, 6 မိနစ်ကြာရေထည့်ပြုတ်ပါ။ အိမ်မှာလုပ်စားတာကတော့ ကိုရီးယား ခေါက်ဆွဲမရရင် ရိုးရိုးအသုတ်သုတ်စားတဲ့ ခေါက်ဆွဲအဝါနှင့်သုပ်စားပေါ့ ...အရသာတော့ကွာပါတယ် တူတော့မတူဘူး  ခေါက်ဆွဲနူးလာရင် ဇကာဖြင့်စစ်ပြီးရေဆေး ။ထို့နောက် ရေခဲတုံးလေးတွေထည့်ပြီး ခေါက်ဆွဲကိုနယ်၍ ထပ်ဆေးပေးပါ။ ခေါက်ဆွဲအသားပိုနူးညံ့ပြီး။ အေးနေပါလိမ့်မယ်။
ခေါက်ဆွဲသုပ်ရန်......
ကြက်ဥတစ်လုံးပြုတ်ပြီး အခွံနွှာထားပါ။
ဂျပန်သခွားသီးကိုပါးပါးလှီးထားပါ။
သစ်တော်သီးကို အချောင်းပုံလေးတွေပါးပါးလှီးပါ။
(ပုံမှာပြထားတဲ့ အတိုင်းပြင်ပါ) ပြုလုပ်ထားသော ငရုပ်ဆီဆော့ထည့်ပြီး သုပ်စားနိုင်ပါပီ။
မှတိချက်။ ။ ပုံမှာပြထားသည့်အတိုင်း ပြင်တဲ့အခါ ခေါက်ဆွဲရဲ့အပေါ်မှာ ကင်ချီမတင်ပဲ....မုန်လာဥအနီကို ပါးပါးလှီးပြီးတင်လည်းရပါတယ်....အရောင်အတွက်ပါ အရောင်ဆုံလှအောင်လုပ်တဲ့သဘောပါ။ ကိုယ်ကြိုက်တာ ထည့်စားပေါ့နော် ...ခြောက်နေရင်နှမ်းဆီလေးစမ်းပြီးသုပ်
Z,TT

0 comments:

Post a Comment

Powered by Blogger.

Copyright © / A3

Template by : Urang-kurai / powered by :blogger