ကြက်သားဆာတေးလုပ်နည်း

ကြက်သားဆာတေးလုပ်နည်း။
*********************
၁။ကြက်သား-၂ပေါင်(သို့)ရင်ဘုံ
၂။ဆာတေးဒုတ်-၁ထုပ်
၃။ကြက်သွန်နီ/ဖြူ -၂ဇွန်း
၎။နနွင်းမှုန့်-၁ဇွန်း
၅။ချင်း-၁ဇွန်း
၆။သံပုရာရည်-၂ဇွန်း
၇။သကြား-၁ဇွန်း
၈။ပဲငံပြာရည်-၂ဇွန်း
၉။အသားမှုန့်အနည်းငယ်။
၁၀။ငံပြာရည်-၂ဇွန်း
၁၁။ဆီ-၂ဇွန်း(Tbs)
၁၀။မဆလာ-၂ဇွန်း(သို့)နံနံစေ့၁ဇွန်းထမင်းစားပွဲတင်ဇွန်း၊ဇီယာ-၁ဇွန်းလက်ဖက်ရည်ဇွန်းနဲ့ပါ။နံနံစေ့ကို၁မိနစ်ခန့်လှော်ပြီးဇီယာထည့်လှော်ပါ။အနံ့မွှေးရင်ထောင်းပြီးပဲငံပြာရည်၊ငံပြာရည်၊ဆီ၊ကြက်သားနဲ့နှယ်ပြီး၁နာရီခန့်(သို့)တညနှပ်ထားပါ။ရေခဲသေတ္တာထဲနှပ်ထားနိုင်ပါတယ်။
ဆာတေးဒုတ်တွင်ထိုး၍non-stickအိုးတွင်ဆီအနည်းငယ်ဖြင့်ကင်ပါ။
ဆာတေးဆော့စ်လုပ်နည်း။
*******************
၁။ပဲငံပြာရည်-၃ဇွန်း(3 Tbs)
၂။ချင်း-၁ဇွန်း
၃။အုန်းနို့ခရင်မ်(သို့)ဆီ-၂ဇွန်း(Tbs)
၎။ငြုပ်သီးအနီအမှည့်တောင့်(သို့)အခြောက်တောင့်အစပ်ကြိုက်သလောက်။
၅။သံပုရာသီး-၁လုံးအရည်
၆။ကြက်သွန်ဖြူ -၁ဇွန်း
၇။ကြက်သွန်နီ-၁လုံး(shallot)
၈။မြေပဲမှုန့်-၅ဇွန်း(သို့)Peanut butter-5 tbs
၉။သကြားအညို-၂ဇွန်း(Tbs)
၁၀။ရေနွေး-၁ခွက်
ချင်း၊ကြက်သွန်ဖြူ /နီ၊ငြုပ်သီးတို့ကိုထောင်းထားပါ။
ဆာတေးဆော့စ်လုပ်ရန်။
*****************
ဒယ်အိုးထဲဆီ(သို့)အုန်းနို့ခရင်မ်ကိုအပူပေးပါ။ပြီးနောက်ထောင်းထားတာနဲ့ဆီသတ်ပါ။မီးအရှိန်လျှော့ထားပါမြေပဲထော်ပတ်(သို့)မြေပဲမှုန့်၊ပဲငံပြာရည်၊သံပုရာရည်၊သကြား၊ရေနွေးတို့ထည့်ပြီးဆူအောင်တည်ပါ။ဆီပြန်ပြီးဆော့စ်ရည်မပျစ်မကျဲဆိုအပေါ့အငံမြည်းပြီးကြက်သားဆာတေးကင်နဲ့အရသာရှ်ိရှိသုံးဆောင်လို့ရပါပြီ။
မှတ်ချက်။ချက်ပြီးသားဆော့စ်ကိုအေးအောင်ထားပြီးကြိတ်စက်ဖြင့်ညှက်အောင်ကြိတ်ပေးပါ။မကြိတ်လည်းရပါတယ်။
Sabeedar Sofee

0 comments:

Post a Comment

Powered by Blogger.

Copyright © / A3

Template by : Urang-kurai / powered by :blogger